Call Now » (056) 202 33 88      

သင်နားဆင်ဖို့အတွက် ရှာဖွေလိုက်ပါ...

Classic ဆန်သောဒီဇိုင်းနှင့် Modern ဆန်သော အရည်အသွေး...

သင်ကြိုက်နှစ်သက်တဲ့ FM အစီအစဥ်တွေကို နားဆင်မှာလား? Bluetooth နှင့်ချိတ်ဆက်ပြီး သင့်မိုဘိုင်းဖုန်းထဲက သီချင်းတွေကို နားထောင်ချင်တာလား?

ဒါမှမဟုတ် သင့်မှာရှိတဲ့ USB Flash Drive/ Micro SD ကဒ်ထဲက MP3 တွေကို နားထောင်ချင်တာလား?

အကောင်းဆုံး အသံအရည်အသွေးကိုထောက်ပံ့ပေးထားပြီး တစ်ခါအားသွင်းပြီးတိုင်း ၄နာရီအကြာအထိ အသုံးပြုနိုင်ပါသည်။

ခရီးသွားလာရင်းဖြစ်စေ၊ အလုပ်လုပ်ရင်းဖြစ်စေ၊ အိမ်ရှင်မများ ချက်ပြုတ်ရင်းဖြစ်စေ၊ အပန်းဖြေအနားယူနေချိန်မှာ သင့်ကို အကောင်းဆုံး အဖော်ပြုပေးနိုင်ပါတယ်။

photo

လွယ်ကူစွာ အသုံးပြုလိုက်ပါ...

SP မှထုတ်လုပ်ထားတဲ့ BR200 ကလွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်ခြင်း၊ ရှင်းလင်းပြတ်သားသော Digital မျက်နှာပြင်ဖြင့် ပြသပေးပြီး ခလုတ်များဖြင့်လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။

ဓါတ်ခဲလဲလှယ်ရန်လည်း မလိုအပ်တော့ပါဘူး။ BR200 အတွက်အသုံးပြုထားသော ဘက်ထရီက USB ကြိုးဖြင့် လျှင်မြန်စွာ ပြန်လည်အားသွင်းအသုံးပြုနိုင်ပါသည်။

သင်လိုချင်တဲ့အရာတွေကို BR200 ကဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါကြောင့် လွယ်ကူစွာအသုံးပြုနိုင်တဲ့ BR200 ကို အခုပဲရွေးချယ်လိုက်ပါ။

photo

အသုံးပြုနိုင်သော Functions များ

  • Mode -"M" ခလုတ်ကိုနှိပ်၍ ( Bluetooth , TF card , USB , FM ) Mode များသို့ပြောင်းလဲနိုင်ပါသည်။ FM radio လည်ပတ်နေစဥ် ခလုတ်ကို long press နှိပ်၍ လည်ပတ်နေသော ရေဒီယိုအစီအစဥ်များကို အလိုအလျောက်ရှာဖွေနိုင်သည်။
  • Loop Function -Micro SD(သို့မဟုတ်) USB Flash Drive တပ်ဆင်ပြီးနောက် "M" ခလုတ်ကို Long press နှိပ်ပါက ( One / Folder / All ) စသဖြင့်ပေါ်လာမည်ဖြစ်ပြီး One သည် loop function ၊ Folder သည် folder အလိုက်ဖွင့်နိုင်သော function ၊ All သည် သီချင်းအားလုံးဖွင့်သော function စသဖြင့် အသုံးပြုနိုင်ပါသည်။
  • Record function -Micro SD(သို့မဟုတ်) USB Flash Drive တပ်ဆင်ပြီးနောက် "REC" ခလုတ်အား short press နှိပ်၍ အသံသွင်းခြင်းစတင်ရန်နှင့် ရပ်တန့်ရန် အသုံးပြုနိုင်ပါသည်။ အသံသွင်းထားသောဖိုင်အား နောက်တစ်ကြိမ်ပြန်ဖွင့်လိုပါက နှစ်ချက်နှိပ်၍ပြန်ဖွင့်နိုင်ပါသည်။
  • Storage Support -Micro SD နှင့် USB Flash Drive တို့အား အမြင့်ဆုံး 32GB အထိ ထောက်ပံ့ပေးထားပါသည်။
photo


စွမ်းဆောင်ချက်များ

  • Bluetooth ဖြင့် ချိတ်ဆက်ပြီး နားဆင်နိုင်ခြင်း။
  • USB Flash Drive, Micro SD တို့ တပ်ဆင်၍ MP3 နားဆင်နိုင်ခြင်း။
  • FM ရေဒီယိုလိုင်းများ ဖမ်းယူနားဆင်နိုင်ခြင်း။
  • စွမ်းဆောင်ရည်မြင့်အသံစနစ်ပါဝင်ခြင်း။
  • လွယ်ကူစွာသယ်ဆောင်နိုင်မည့် ကျစ်လစ်သောဖွဲ့စည်းပုံဒီဇိုင်းဖြင့် တည်ဆောက်ထားခြင်း။
  • (၄)နာရီနှင့်အထက် သုံးစွဲနိုင်ခြင်း။
  • ပါဝင်သောခလုတ်များအား အလွယ်တကူအသုံးပြုနိုင်ခြင်း။
  • ရေဒီယိုလိုင်းများအား ခလုတ်များဖြင့် အလွယ်တကူဖမ်းယူနားဆင်နိုင်ခြင်း။
  • ဒီဂျစ်တယ်မျက်နှာပြင်ပါဝင်ခြင်း။
  • Earphone တပ်ဆင်အသုံးပြုနိုင်ခြင်း။
  • ထပ်ခါပြန်လည်နားဆင်နိုင်ရန် လုပ်ဆောင်ချက်ဖြစ်တဲ့ Loop Function ပါဝင်ခြင်း။
  • ပြန်လည်ဖြည့်တင်းနိုင်သော Li-ion ပါရှိခြင်း။

အသေးစိတ်အချက်အလက်များ

    အတိုင်းအတာ		  : 144x53x82 mm
    အလေးချိန်			  : 313g
    FM ဖမ်းယူနိုင်သည့်ကြိမ်နှုန်း	  : 87-108 MHz 
    စပီကာ		          : 5W / 52mm
    ဘက်ထရီအမျိုးအစား		  : Li-ion
    ဘက်ထရီပမာဏ		  : 3.7V 1200mAh
    အသုံးပြုနိုင်သည့်အချိန်	  : ၄ နာရီ
    အားပြန်လည်ဖြည့်တင်းရန်ကြာချိန်  : ၄ နာရီ
    

Copyright © Golden Power Technology 2014